“အိန္ဒိယက လယ်သမားသပိတ်၊ အစိုးရကို ဖြုတ်ချကြ”

အိန္ဒယပြည်တလွှားက လယ်သမား ထောင်ပေါင်းများစွာနဲ့ ဝန်းရံအဖွဲ့တွေဟာ အကန့်အသတ်မရှိ သပိတ်တိုက် ပွဲ ဆင်နွှဲဖို့ ဒေလီမြို့တော်ကို ချီတက်လာကြတယ်။ “ဒေလီကို ချီတက်ကြစို့” (Delhi Chalo) လှုပ်ရှားမှုဟာ ၂၀၂၀၊ နိုဝင်ဘာ ၂၆ရက်နေ့မှာ အစပြုခဲ့တယ်။ ဒီတိုက်ပွဲရဲ့ အဓိက တောင်းဆိုချက်တွေထဲမှာ မိုဒီအစိုးရက တ ဖက်သတ် ပြဌာန်းလိုက်တဲ့ လယ်ယာမြေဥပဒေ သုံးခုကို ဖျက်သိမ်းပေးရေး အချက် ပါတယ်။ အခုချိန်မှာ၊ လယ် သမားတွေက ဒေလီရဲ့ ဝင်ပေါက်ကြီး ငါးခုကို ပိတ်ဆို့ထားတယ်၊ ဒေလီရဲ့ အဝေးပြေးလမ်းမကြီးတွေ သွက်ချာ ပါဒ လိုက်သွားတယ်။ လယ်သမားတွေက ဒေလီကို တပိုင်းသေသွားစေခဲ့ပြီလို့ ဖော်ပြလာကြတယ်။ ရဲတပ်နဲ့ လက်ပါးစေ လက်နက်ကိုင်တပ်တွေက သပိတ်စစ်ကြောင်းချီလာတဲ့ လယ်သမားတွေကို နံပါတ်တုတ်တွေနဲ့ ရိုက် နှက် ဖြိုခွဲတယ်၊ မျက်ရည်ယိုဗုံးတွေ ကြဲ၊ မီးသတ်ပိုက်တွေနဲ့ ဖြန်းပြီးလည်း ဖြိုခွဲတယ်၊ လယ်သမားအများအပြား အပြင်းအထန် ဒဏ်ရာရကုန်တယ်။


မြို့ရဲ့ အဝင်-အထွက် ပေါက်တွေကို ဖွင့်ပေးဖို့ တိုက်ပွဲခေါင်းဆောင်တွေကို အစိုးရက ဖိအားပေးနေတယ်၊ အစိုး ရလွှတ်တော် (Rashtrapati Bhavan) နဲ့ ကီလိုမီတာ ၂၀ ဝေးတဲ့ ဒေလီအစွန်က ဘူရာရီ ကွင်းထဲ ရွှေ့ပေးဖို့ တွန်းအားပေးနေတယ်။ လယ်သမားတွေဘက်ကတော့ ဘူရာရီ ကွင်းဟာ အစိုးရ လက်ပါးစေ လက်နက်ကိုင် တွေ ဒင်းကြမ်းပြည့်နေတဲ့ လေဟာပြင် ထောင်တမျိုးပဲလို့ ပြောနေကြတယ်။ လယ်သမားတွေက အဲဒီကို မသွား လိုဘူး၊ ဒေလီရဲ့ ဆင်ဂူးနဲ့ တစ်ကရီ တဝိုက်မှာ နေရာယူထားဆဲဖြစ်တယ်။

လယ်သမားတွေက တပြည်လုံးက အလုပ်သမားတွေ၊ အလုပ်သမား သမဂ္ဂတွေနဲ့ တခြားအဖွဲ့အစည်းတွေရဲ့ အားပေးထောက်ခံ့မှုနဲ့ သွေးစည်းမှုကို ရရှိနေတယ်။ နိုဝင်ဘာ ၂၆ရက်၊ အလုပ်သမား သမဂ္ဂတွေရဲ့ တရက်တာ သပိတ်တိုက်ပွဲအပြီးမှာ ဒေလီ ပို့ဆောင်ဆက်သွယ်ရေး အလုပ်သမား သမဂ္ဂတွေက မိုဒီအစိုးရကသာ လယ် သမားတွေရဲ့ တောင်းဆိုချက်တွေကို ဖြည့်ဆည်းမပေးခဲ့ရင် အကန့်အသတ်မရှိ သပိတ်ဆက်မှောက်သွားမယ်၊ ဒေလီ လမ်းမတွေ အကြောသေသွားစေမယ် လို့ ခြိမ်းခြောက်လိုက်တယ်။ ဒီထဲမှာ ပုဂ္ဂလိက ယာဉ်လိုင်းတွေ၊ တ က္ကစီတွေ၊ ဘတ်(စ်)တွေ နဲ့ ထရပ်(ခ်) ကားလိုင်းတွေရဲ့ အလုပ်သမားတွေ ပါဝင်တယ်။ ဒီယာဉ်လိုင်းအလုပ်သ မားတွေက လယ်သမားအရေးကို နှစ်ရက်အတွင်း ဖြေရှင်းပေးဖို့ ဗဟိုအစိုးရကို ရာဇသံပေးခဲ့တယ်။

ကျောင်းသားအဖွဲ့အစည်းတွေ၊ ပညာတတ်အဖွဲ့အစည်းတွေနဲ့ သမဂ္ဂတွေကလည်း သပိတ်မှောက် လယ်သမား တွေနဲ့ အတူရပ်တည်ကြောင်း ပြကြတယ်။ မိုဒီအစိုးရဲ့ နှိပ်ကွပ်မှုခံနေရတဲ့ ဘာသာရေး အဖွဲ့တွေကလည်း လယ် သမားတွေရဲ့ ဒေလီချီတက်ပွဲကို ဝမ်းပန်းတသာ ကြိုဆိုနေကြတယ်။

အစိုးရကတော့ လယ်သမား တိုက်ပွဲကို ခပ်ကြမ်းကြမ်း ကိုင်တွယ်နေတယ်။ လယ်သမားအရေးကို ဖြေရှင်းဖို့ ဝန် ကြီးချုပ် မိုဒီ၊ ပြည်ထဲရေး ဝန်ကြီး အေမစ် ရှား နဲ့ စိုက်ပျိုးရေး ဝန်ကြီး တိုမား တို့ တွေ့ဆုံကြတဲ့ အရေးပေါ် အ စည်းဝေးကနေလည်း ဘာအဖြေမှ ထွက်မလာဘူး။ မိုဒီ က လယ်ယာမြေ ဥပဒေအသစ်တွေဟာ အိန္ဒိယ စီးပွား ရေးနဲ့ လူ့အဖွဲ့အစည်းကို ကောင်းကျိုးတွေ ဖြစ်ထွန်းစေမယ့် အကြောင်း ၀ါဒဖြန့်ဖို့ရာ မီဒီယာ ကမ်ပိန်းတွေ အရှိန် အဟုန်မြင့် လုပ်လာတယ်။ အစိုးရကို ယိုင်နဲ့အောင် အတိုက်အခံပါတီတွေက ဒီလယ်သမား လှုပ်ရှားမှုကြီးကို ကြိုးကိုင်နေတယ်လို့ မိုဒီဘက်က မှားမှားယွင်းယွင်း စွပ်စွဲနေတယ်။

တခြား BJP ပါတီခေါင်းဆောင်တွေနဲ့ လက်ယာဂိုဏ်း မီဒီယာတွေက လယ်သမားတွေကို အဆိပ်တွေနဲ့ တရစပ် ထိုးပက်နေတယ်၊ ဆန္ဒပြသူတွေဟာ တိုင်းပြည်အကျိုး ဆန့်ကျင်နေတဲ့ သူမိုက်တွေ၊ ခါလစ်စတန်နီ အမျိုးသား ရေးဝါဒီတွေ၊ နက်(က်)စယ်လိုက်(တ်)တွေ၊ ရှာဟီး ဘာ(ဂ်) ဂျီဟက်ဒစ်(စ်)တွေ၊ တိုင်းတပါးက ငွေပေးခိုင်းနေတဲ့ အေးဂျန့်တွေ၊ စသဖြင့် တံဆိပ်မျိုးစုံကပ်ပြီး ထိုးနှက်တိုက်ခိုက်နေကြတယ်။

မိုဒီတို့ လက်ယာဂိုဏ်းနဲ့ မီဒီယာတွေက ရွံရှာစက်ဆုပ်ဖွယ် အာဃာတတွေကို အသုံးချပြီး အတိုက်အခံပါတီတွေ ဒီလှုပ်ရှားမှုနဲ့ ကင်းကင်းနေဖို့ အကြံပေးနေကြတယ်။ တကယ်တော့ အတိုက်အခံ နိုင်ငံရေးပါတီတွေဟာ ဒီလယ် သမားတိုက်ပွဲကို ထဲထဲဝင်ဝင် ပူးပေါင်းနေတာမျိုး မရှိသေးဘူး။ ပင်မ မီဒီယာတွေကဆိုရင် ဒီလယ်သမား သ ပိတ်တွေဟာ အိန္ဒိယကို မတည်မငြိမ်ဖြစ်အောင် ပြည်ပက ငွေပေးခိုင်းနေတာလို့ မှားမှားယွင်းယွင်း ဖော်ပြနေ ကြတယ်။ ဒီတိုက်ပွဲထဲ ပါတဲ့သူအားလုံးကို တိုင်းပြည်သစ္စာဖောက်တွေလို့ စွပ်စွဲနေကြတယ်၊ ဒီလူတွေကို နိုင်ငံ တော် ပုန်ကန်မှုနဲ့ ပြင်းပြင်းထန်ထန် အရေးယူဖို့ ပင်မမီဒီယာကြီးတွေက ရေးသား တိုက်တွန်းနေတယ်။

အစိုးရက လယ်ယာမြေဥပဒေတွေကို မဖျက်သိမ်းချင်ဘူး၊ ဒီတော့ အရေးမပါတာလေးတွေ ဟိုတို့ဒီတို့ လုပ်ဖို့ရာ ပန်ဂျပ်ပြည်က အဖွဲ့အစည်း သုံးဆယ်ကို တွေ့ဆုံညှိနှိုင်းဖို့ စိတ်ကြိုက် ရွေးထားတယ်။ ဒီဥပဒေသုံးခုကို ဘယ် နည်းနဲ့မဆို ဆက်လက်အကောင်အထည် ဖော်ချင်တယ်။ ဒါ့အပြင် လယ်သမားတွေ တောင်းဆိုနေတဲ့ ကြွေးမြီ ဖျက်သိမ်းရေးနဲ့ တခြား စီးပွားရေး တောင်းဆိုချက်တွေကို ဆွေးနွေးပွဲ စကားဝိုင်းထဲ အရောက်မခံချင်ဘူး။

နိုင်ငံရေး အကြပ်အတည်း

လယ်သမား လှုပ်ရှားမှုကြောင့် BJP ပါတီအတွင်း အကြပ်အတည်း ဖြစ်နေတယ်။ BJP ပါတီအတွင်း ကွဲအက်မှု တွေဟာ လယ်သမား စစ်ကြောင်းချီလာတာနဲ့အတူ ပြင်းထန်လာနေတယ်။ ပန်ဂျပ်ပြည် BJP ပါတီ အထွေထွေ အတွင်းရေးမှူး နဲ့ ပန်ဂျပ် လူငယ်တပ် ခေါင်းဆောင်တို့ဟာ လယ်သမားတွေရဲ့ နစ်နာချက်တွေကို ထောက်ပြပြီး ရာထူးကနေ အသီးသီး နှုတ်ထွက်သွားကြတယ်။ Haryana MLA ဟာ မွေးမြူရေးလုပ်ငန်း ဘုတ်အဖွဲ့ ဥက္က ဌ အဖြစ်က နှုတ်ထွက်ပြီး လယ်သမားတိုက်ပွဲကို ထောက်ခံခဲ့တယ်။ BJP ရဲ့ တခြား မဟာမိတ် ပါတီတွေ ကလည်း နိုင်ငံလုံးဆိုင်ရာ ဒီမိုကရေစီ မဟာမိတ်များ (NDA) အတွင်းကနေ နှုတ်ထွက်မယ်လို့ ဖိအားပေးနေ တယ်။ ပန်ဂျပ်က SAD ပါတီက အခုကို ဒီမဟာမိတ်အဖွဲ့ကနေ နှုတ်ထွက်ထားပြီ။ ရာဂျက်(စ်)သန် ပြည်နယ်က RLP ပါတီအပါအဝင် တခြားပါတီကလည်း ဒီလမ်းကို လိုက်ဖို့ ပြင်နေပြီ။

ဒီအကြပ်အတည်းက အတိုက်အခံပါတီတွေရဲ့ အတွင်းသရုပ်ကိုလည်း ခွာပြနေတယ်၊ ဒီပါတီတွေဟာ အလုပ်သ မား၊ လယ်သမားတွေကို ဘာမှ လုပ်မပေးနိုင်ဘူး။ အတိုက်အခံပါတီတွေက လယ်ယာမြေ ဥပဒေတွေကို လွှတ် တော်ထဲ ပြဌာန်းလိုက်ပုံကိုသာ အဓိကထား ဝေဖန်ကြတယ်၊ ဒီဥပဒေတွေရဲ့ အတွင်းသားကိုတော့ သူတို့ သ ဘောတူကြတယ်။

ပန်ဂျပ်လယ်သမားတွေရဲ့ ရှေ့ဆောင်ပါတီလို့ ပုံဖော်လေ့ရှိတဲ့ လက်ယာပါတီ Shiromani Akali Dal ရဲ့ မျက် နှာဖုံး လုံးဝကွာကျသွားတယ်။ ဒေလီကို အုပ်စိုးနေတဲ့ လက်ယာပါတီ AAP (သာမန်ပြည်သူတွေရဲ့ ပါတီ) လည်း အလုပ်သမားတွေနဲ့ လယ်သမားတွေရဲ့ လှုပ်ရှားမှုတွေကို ကိုင်တွယ်နိုင်ခြင်း မရှိခဲ့ဘူး၊ အခု လယ်ယာမြေ ဥပ ဒေတွေအပေါ် ဒီအာဏာရ ပါတီရဲ့ သဘောထားက မရေမရာ။ ကွန်ဂရက် ပါတီကလည်း ဒီနိုင်ငံရေးအကြပ် အတည်းကို ဖြေရှင်းဖို့ နည်းလမ်းအသစ် ချမပြနိုင်ဘူး။ ကွန်ဂရက် ပါတီရဲ့ ခေါင်းဆောင် ရာဟူး(လ်) ဂန်ဒီက ပါ တီဝင်တွေအနေနဲ့ ဆန္ဒပြ လယ်သမားတွေကို ထမင်းထုပ် ဝေပေးကြဖို့ တိုက်တွန်းရင်း လယ်သမားတွေကို “အခိုင်အမာ ထောက်ခံ” ကြောင်း ပြခဲ့တယ်။ အူတာ ပရာဒက်(ရှ်) ပြည်နယ်ရဲ့ ဝန်ကြီးချုပ်ဟောင်း Akhilesh Yadav နဲ့ မဟာရက်(ရှ်)ထရာ ပြည်နယ်ရဲ့ အာဏာရ လက်ယာစွန်း ပါတီ Shiv Sena တို့ကတော့ ဆန္ဒပြလှုပ် ရှားမှုအတွင်း လယ်သမားတွေကို ခပ်ကြမ်းကြမ်း ကိုင်တွယ်တာလောက်ပဲ ဝေဖန်ကြတယ်။

ဒီတိုက်ပွဲတွေက လက်ယာပါတီတွေရဲ့ မျက်နှာဖုံးတွေကိုသာ လက်ဝဲဆိုတဲ့ ပါတီတွေရဲ့ မျက်နှာဖုံးကိုလည်း ဆွဲ ခွာပြသွားတယ်။ လက်ဝဲနာမည်ခံ ပါတီတွေလည်း အလုပ်သမားတွေနဲ့ လယ်သမားတွေ ရင်ဆိုင်နေရတဲ့ အ ကြပ်အတည်းကို ဖြေရှင်းနိုင်တဲ့ နည်းလမ်း ချမပြနိုင်ဘူး။ လက်ဝဲပါတီငါးခု [CPI, CPI(M), CPI (ML), RSP and AIFB] ရဲ့ အထွေထွေ အတွင်းရေးမှူးတွေ စုပေါင်းပြီး ကြေညာချက် တစောင်ထုတ်ထားတယ်။ ဒီ ကြေညာချက်မှာလည်း လွှတ်တော်အတွင်း လယ်ယာမြေ ဥပဒေတွေ ပြဌာန်းခဲ့ပုံကိုသာ စောင်းပေးဝေဖန်ထား တယ်၊ “ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းတွေနဲ့ စံနှုန်းတွေ” ကို လေးစားလိုက်နာကြဖို့ ဖိဖိစီးစီး တိုက်တွန်းထား တယ်။ လက်ဝဲနာမည်ခံ ပါတီအားလုံးနီးပါးမှာ လယ်သမားအရေး လုပ်နေတဲ့ ပါတီအစိတ်အပိုင်းတွေ ကိုယ်စီ ရှိ ကြတယ်။ လယ်သမားတွေက သပိတ်စစ်ကြောင်းကို အဲဒီ ပါတီတွေက ဦးဆောင်ဖို့ မျှော်လင့်နေကြတယ်။ ဒါပေ မယ့်လည်း ဘယ် လက်ဝဲပါတီဆီကမှ သပိတ်စစ်ကြောင်းချီရေး လေသံတောင် ဟမလာဘူး။ လယ်သမားသ ပိတ်စစ်ကြောင်းကို လက်ဝဲပါတီက ကေဒါတွေထွက် ဦးဆောင်ခိုင်းရမယ့်အစား၊ ကေဒါတွေနဲ့ ပါတီဝင်တွေကို “မိမိဒေသ အခြေအနေတွေနဲ့ ကိုက်ညီသော” ထောက်ခံမှုပြဖို့ တိုက်တွန်းထားတယ်၊ တကယ့်ဆိုလိုရင်းကတော့ ဘာမှမလုပ်ဘဲ အိမ်မှာနေကြဖို့ပဲ။ လယ်သမားတွေကြား လက်ဝဲကေဒါတွေ အခိုင်အမာရှိနေတဲ့ မဟာရက်(ရှ်) ထရာ၊ မက်(ဒ်)ယာ ပရာဒက်(ရှ်)နဲ့ ရာဂျက်(စ်)သန် ပြည်နယ်တွေမှာ ဒီအတိုင်းပဲ ဖြစ်သွားတယ်။ ဒေလီကို ချီ တက်နေတဲ့ လယ်သမားတွေနဲ့ ဝင်ပေါင်းဖို့ ကေဒါတွေက လှုံ့ဆော်စည်းရုံးတာမျိုး မလုပ်ခဲ့ဘူး။ အိန္ဒိယ ကွန်မြူ နစ်ပါတီ (မာ့က်စ်ဝါဒီ) CPI(M) အဖွဲ့ဝင်တချို့ကတော့ အတန်အသင့် ပြင်းထန်တဲ့ လုပ်ဆောင်မှုကို ဦးဆောင်ခဲ့ တယ်၊ လယ်သမားတွေကို အစိုးရက မီးသတ်ပိုက်တွေနဲ့ထိုးပြီး အကြမ်းဖက်နှိပ်ကွပ်နေတာကို ဆန့်ကျင်ဖို့ရာ ရာ ဂျပလာယမ်း က အိန္ဒိယအစိုးရဘဏ်ခွဲ ကို CPI(M) အဖွဲ့ဝင်တချို့က ဝင်စီးခဲ့ကြတယ်။

လက်ယာဘက်က တိုက်ခိုက်မှုများ

ပန်ဂျပ်နဲ့ တခြားပြည်နယ်တွေက ပါတီကြီးတွေအားလုံး သုံးစားမရကြောင်း အလုပ်သမား၊ လယ်သမား တိုက်ပွဲ တွေက ဖော်ထုတ်ပြခဲ့တာ နှစ်ပေါင်းများစွာ ကြာနေပြီ။ ဒီအတိုက်အခံပါတီတွေ ယိုယွင်းပျက်စီးနေတာ၊ လူထု လှုပ်ရှားမှုတွေ ဖြစ်လာတိုင်း သူတို့ စုစည်းဦးဆောင်နိုင်ခြင်း မရှိဘူးဆိုတာကို မိုဒီ ကောင်းကောင်းသိတယ်။ မိုဒီ က BJP ထောက်ခံသူတွေအပေါ် အားပြုပြီး လူ့အသိုင်းအဝိုင်းတွေကြားက အမုန်းတရားဆိုတဲ့ သူရေရွတ်နေ ကျ ဂါထာကို ပိုအသုံးချလာတယ်၊ မိုဒီအစိုးရကို ခြိမ်းခြောက်လာတဲ့ လှုပ်ရှားမှုအားလုံးကို ရက်ရက်စက်စက် နှိပ် ကွပ်လာတယ်။

မိုဒီက ကြေးစား လက်နက်ကိုင်တွေ၊ မီးသတ်ပိုက်တွေ သုံးပြီး ဆန္ဒပြသူတွေကို အကြမ်းဖက်နေတယ်၊ ဒီဥပဒေ တွေ ပယ်ဖျက်ပစ်ဖို့ နည်းနည်းလေးမှ မညှိနှိုင်းလိုတာ ထင်ရှားနေတယ်။ ဒါ့အပြင်၊ BJP က ဆန္ဒပြသူတွေကို နိုင် ငံတော် ပုန်ကန်မှု အပါအဝင် ပုဒ်မမျိုးစုံတပ် တရားစွဲ နှိပ်ကွပ်ဖို့ရာ အစိုးရ ယန္တရားကို ပိုအသုံးချလာတယ်၊ ဒီ တော့ ဆန္ဒပြသူတွေမှာ အင်မတန် ငွေကုန်ကြေးကျ များလှတဲ့ အကျင့်ပျက် တရားစီရင်ရေး စနစ်ကို ရင်ဆိုင်ရ တော့မယ်၊ မဟုတ်ရင်လည်း ထောင်ချခံရမယ်၊ ရဲတွေရဲ့ နိုင့်ထက်ကလူပြုခြင်းကို နှစ်ပေါင်းများစွာ ခံရဖို့ရှိတယ်။

လယ်သမားတိုက်ပွဲတွေ ဖြစ်နေချိန်မှာပဲ အစိုးရက လယ်သမား ဆန့်ကျင်ရေး၊ အလုပ်သမား ဆန့်ကျင်ရေး ဥပ ဒေတွေကို ဆွေးနွေးပွဲထဲ ထပ်တိုးဖြည့်သွင်းလာတယ်။ ဒီထဲမှာ လျှပ်စစ်ဓာတ်အား ဥပဒေ (ပြင်ဆင်ချက်) ၂၀၂၀ လည်း ပါဝင်တယ်၊ ဒီလိုနည်းနဲ့ ဆွေးနွေးပွဲတွေ ကြာသထက်ကြာလာပြီး လက်ပန်းကျလာရင် အစိုးရဘက်ကပဲ အလေးသာသွားမယ်။

မိုဒီ အစိုးရက တွေ့ဆုံ ဆွေးနွေးရေးလုပ်ဖို့ လယ်သမား အဖွဲ့အစည်းတွေကြားက အနည်းစုကိုပဲ စိတ်ကြိုက်ရွေး လိုက်တယ်၊ ဒီလိုနည်းနဲ့ လယ်သမားထုကြား သွေးစည်းမှုကို ဖြိုခွဲဖို့ ကြိုးစားနေတယ်။ အစိုးရက အစပိုင်းမှာ ပန် ဂျပ်ပြည်နယ်ထဲက အဖွဲ့အစည်း သုံးဆယ်ကိုပဲ စကားဝိုင်းကို ဖိတ်ခဲ့တယ်၊ နောက်မှာ ခြောက်ဖွဲ့ကို ထပ်တိုးလိုက် တယ်။ ဒီထဲကမှ ကိုယ်စားလှယ် ၆ ယောက်ပဲ ဆွေးနွေးပွဲစကားဝိုင်းကို တက်ရမယ်။ ရွေးချယ်ခံထားရတဲ့ အဖွဲ့ အစည်း သုံးဆယ်ဟာ AIKSCC (အိန္ဒိယ တပြည်လုံးက လယ်သမားတိုက်ပွဲ ပူးပေါင်းရေး ကော်မတီ) နဲ့ စတင် ကင်းကွာစပြုလာတယ်။ အစိုးရနဲ့ စေ့စပ်ညှိနှိုင်းဖို့ သူတို့ဘက်က ပြင်ဆင်နေကြပြီ။ AIKSCC က လယ်သမား ခေါင်းဆောင်တွေကို စုဝေးပွဲတွေမှာ စကားပြောခွင့် ပိတ်ပင်တာမျိုးအထိ လုပ်လာကြတယ်။ ဒီတော့ ပန်ဂျပ် ပြည်နယ်အပါအဝင် အိန္ဒိယ တပြည်လုံးက လယ်သမားအဖွဲ့အစည်း ၅၀၀ ကို ကိုယ်စားပြုတဲ့ AIKSCC နဲ့ ပန်ဂျပ် က လယ်သမားအဖွဲ့ သုံးဆယ်ကြား တင်းမာမှုတွေ ပြင်းထန်လာတယ်။

လယ်သမားတွေက တောင်းဆိုချက်တွေ ချမှတ်ရင်း ရှေ့ဆက်ချီနေတယ်၊ လယ်သမားကြွေးမြီတွေ ပယ်ဖျက်ပစ် ရေး၊ လယ်ယာထုတ်လုပ်ရေး ကုန်ကျစရိတ်တွေ လျှော့ချရေး တောင်းဆိုချက်တွေကို ရှေ့တန်းတင်လာတယ်။ လယ်သမားတွေရဲ့ ကုန်ထုတ်ဘဝထဲ အဖွဲ့အစည်းတွေကနေ ထိုးဖောက်ထားတဲ့ ပွဲစားတွေ၊ အတိုးကြီးစား ငွေ ချေးသူတွေ၊ ကုန်သည်တွေဟာ ဒီလယ်သမားတွေ တိုက်ပွဲတွေကြောင့် သူတို့ လုပ်ငန်းတွေ ပျက်သုဉ်းသွားမှာ ကြောက်နေကြတယ်။ ဒီဂုတ်သွေးစုပ် စီးပွားရေးသမားတွေက ကြွေးမြီဖျက်သိမ်းရေး တောင်းဆိုချက်ကို ညှိနှိုင်း ရေး စကားဝိုင်းထဲကနေ ဆွဲထုတ်ချင်ကြတယ်၊ တကယ်လို့ပယ်ဖျက်ခဲ့ရင် အစိုးရက စိုက်လျော်ပေးစေချင်တယ်။ ဘယ်လမ်းပဲရွေးရွေး၊ ဒီကုန်သည်ပွဲစား ငွေချေးသမားအဖွဲ့တွေက စေ့စပ်ရေးစကားဝိုင်းကို ဦးဆောင်ချင်တယ်၊ AIKSCC လိုမျိုး ကြွေးမြီ ဖျက်သိမ်းရေး တောင်းဆိုနေတဲ့ အဖွဲ့တွေကို ကန်ထုတ်ချင်တယ်။

လတ်တလော ထွက်ရပ်လမ်း

ဒီဥပဒေတွေက အင်မတန် ဆိုးရွားတာ၊ လယ်သမားတွေရဲ့ ဘဝကို ဖျက်စီးပစ်မှာ သံသယ မရှိပါ။ ဒါပေမယ့် လယ်သမားတွေ အစိုးရ၊ ပွဲစားနဲ့ ဘဏ်တွေရဲ့ သွေးစုပ်ခြယ်လှယ်မှု၊ ဖိနှိပ်မှုကို နှစ်ပေါင်းများစွာ ခံလာရတာ ဒီဥ ပဒေတွေနဲ့ အရင်းရှင်စနစ်ကြောင့်ပဲ။ အရင်းရှင်စနစ်ကသာ လယ်သမားတွေ ရင်ဆိုင်နေရတဲ့ ပြသနာအားလုံးရဲ့ ဇာစ်မြစ်ဖြစ်တယ်။

လယ်သမားတွေ ဒေလီကို စစ်ကြောင်းချီတက်ခြင်းဟာ မှန်ကန်တဲ့ ဗျူဟာပဲ။ လူထုရဲ့ သိစိတ်ဖွံ့ဖြိုးမှု အင်မတန် မြင့်မားလာခြင်းကို ပြလိုက်တာပဲ။

လယ်သမားတွေဟာ ကိုယ့်အင်အားကိုယ်ပဲ အားကိုးစရာ ရှိတယ်။ ဘယ်ကြားပွဲစား၊ ဘယ် အတိုက်အခံ ပါတီ တွေကမှ လယ်သမားတွေရဲ့ ဘဝကို ကယ်နိုင်မှာ မဟုတ်ဘူး။ မျိုးဆက်ပေါင်းများစွာ၊ လယ်သမားတွေကို ဒီစ နစ်ရဲ့ ကိုယ်စားလှယ် အသီးသီးက ဖိနှိပ်နေကြတယ်။ အခုတချီဟာ ဒီထမ်းပိုးအောက်က ရုန်းထွက်နိုင်မယ့် အ ခွင့်အရေးပဲ။

တကယ်လို့ လယ်သမားတွေသာ နောက်ပြန်ဆုတ်သွားလို့ အားနည်းကြောင်း ပြမိသွားရင် အစိုးရနဲ့ လက်ယာ အင်အားစုတွေက ဆထက်တပိုး နှိပ်ကွပ်လာလိမ့်မယ်။ အစိုးရက လယ်သမားတွေရဲ့ဘဝကို ကြိတ်ဝါးပစ်လိမ့် မယ်၊ သွေးစုတ်မှုတွေကို ရက်ရက်စက်စက် လုပ်လာမယ်။ ၁၉၈၄ က သွေးစွန်းဖြစ်ရပ်တွေ၊ ၁၉၁၉ က Jalianwala Bagh အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းတွေလောက်တော့ ဘာမှ မဟုတ်တော့ လောက်အောင် မိုဒီအစိုးရက သတ်ဖြတ်မှုတွေ ရက်ရက်စက်စက် လုပ်လာမယ်။

လယ်သမားတွေဟာ အလုပ်သမားတွေ၊ အလုပ်သမား သမဂ္ဂတွေနဲ့ လက်တွဲပြီး တောင်းဆိုချက်တွေ မရမခြင်း အထွေထွေသပိတ်ကို အကန့်အသတ်မရှိ ဆင်နွှဲဖို့ လိုအပ်တယ်။ တရက်တာ အထွေထွေသပိတ်မှောက်ခြင်းဟာ အင်မတန် ကြီးမားတဲ့ ခြေလှမ်းပဲ၊ အလုပ်သမား လူတန်းစားရဲ့ စွမ်းပကား ဘယ်လောက်ကြီးမားကြောင်း ပြ လိုက်တာပဲ၊ ဒါပေမယ့် အလုပ်သမားတွေ ရင်ဆိုင်နေရတဲ့ ပြသနာတွေကို ဖြေရှင်းဖို့ ဒီလောက်နဲ့ မလုံလောက် သေးဘူး။ မိုဒီအစိုးရက အလုပ်သမား သမဂ္ဂတွေကို နှိပ်ကွပ်ရေး ဥပဒေတွေ ပြဌာန်းထားတယ်၊ တရက်တာသ ပိတ်နဲ့ ဒါကို မပယ်ဖျက်နိုင်သေးဘူး။ မိုဒီက အလုပ်သမား ဆန့်ကျင်ရေး ဥပဒေတွေကို တောက်လျှောက် ပြ ဌာန်းနေတယ်၊ မိုဒီ အစိုးရကို ဒီလို ထပ်မလုပ်အောင် တနည်းပဲ ရှိတော့တယ်၊ အထွေထွေ သပိတ်ကို အကန့် အသတ်မရှိ ဆင်နွှဲကြဖို့ပဲ။

လယ်သမားတွေဟာ တောင်းဆိုချက်တွေကို မလိုက်လျောရင် မိုဒီ ကို ဖြုတ်ချသင့်တယ်။ ရက်စက်ကြမ်းကြုတ် လှတဲ့ ဒီအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းကာ၊ လူ့အဖွဲ့အစည်းကို အဖိနှိပ်ခံလူထု အကျိုးစီးပွားနဲ့အညီ မောင်း နှင်သင့်တယ်။ အကန့်အသတ်မရှိ အထွေထွေသပိတ်ဆင်နွှဲဖို့ လယ်သမားတွေဟာ ကဏ္ဍအသီးသီး (ဓာတ်မြေ သြဇာ နဲ့ ပေါင်းသတ်ဆေး ထုတ်လုပ်ရေး စက်ရုံတွေ၊ လယ်ယာသုံး စက်ပစ္စည်း ထုတ်လုပ်ရေး စက်ရုံတွေ၊ ပို့ ဆောင် ဆက်သွယ်ရေး လုပ်ငန်းတွေ၊ ဘဏ်နဲ့ အာမခံ ကုမ္ပဏီတွေ၊ လျှပ်စစ်ထုတ်လုပ်ရေး စက်ရုံတွေ၊ ရေသန့် စက်ရုံတွေ၊ ကျန်းမာရေး၊ ပညာရေးနဲ့ တခြားလုပ်ငန်းတွေ) က အလုပ်သမားတွေကို ပူးပေါင်းဖို့ ဖိတ်ခေါ်ရမယ်။

ဒီအထွေထွေ သပိတ်ကနေ လယ်ယာမြေ ဥပဒေအသစ်တွေကို သာမက လူထုရန်သူ အစိုးရကိုလည်း ဖြိုဖျက် ပစ်နိုင်လိမ့်မယ်။ ဒါ့အပြင်၊ ဒီသပိတ်ကနေ လူ့အဖွဲ့အစည်းကို မောင်းနှင်နေတာ ဘယ်သူတွေလဲဆိုတဲ့ ပြသနာကို ပါ ဖော်ထုတ်လာလိမ့်မယ်။ တကယ်တော့ လူ့အဖွဲ့အစည်းကို ရှင်သန်အောင် မောင်းနှင်နေတာ ဘဏ်လုပ်ငန်း ရှင်တွေ၊ အကျင့်ပျက် နိုင်ငံရေးသမားတွေ၊ ဗျူရိုကရက်တွေနဲ့ ဇိမ်ခံအိမ်တော်ကြီးတွေထဲက အဆီအစ် အရင်းရှင် တွေ မဟုတ်ဘူး၊ အလုပ်သမားတွေနဲ့ လယ်သမားတွေပဲ။ ဒီသပိတ်က အရင်းရှင်စနစ်ကိုလည်း မေးခွန်းထုတ် လာလိမ့်မယ်။ တပြည်လုံးက အလုပ်သမားတွေကို သွေးစုပ်မှုအားလုံးရဲ့ အခြေခံက အရင်းရှင်စနစ်ပဲ။ သန်း ပေါင်းများစွာသော လူထုကို ကော့ပရတ်တွေက သွေးစုပ်နေတယ်၊ ဒါကို လက်မရွံ့ အစိုးရ ယန္တယားက အကာ အကွယ်ပေးထားတယ်၊ ဒီအခြေအနေကနေ လွတ်မြောက်ပြီး သန်းပေါင်းများစွာရဲ့ ဘဝ ပိုမိုကောင်းမွန်လာဖို့ ဆို ရှယ်လစ် စီမံကိန်း စီးပွားရေးစနစ်နဲ့ အစားထိုးရမယ်။

ဒါ့ကြောင့် ဒီအချက်တွေကို တောင်းဆိုလိုက်တယ်။

(၁)နရင်ဒရာ မိုဒီနဲ့ အေမစ် ရှား တို့ ချက်ချင်း နှုတ်ထွက်ပေးရေး

(၂)လယ်သမား၊ အလုပ်သမား ဆန့်ကျင်နှိပ်ကွပ်ရေး ဥပဒေအားလုံးကို ချက်ချင်း ဖျက်သိမ်းပေးရေး

(၃)လယ်သမားတွေရဲ့ ကြွေးမြီအားလုံးကို ချက်ချင်း ပယ်ဖျက်ပေးရေး

(၄) Jantar Mantar Delhi ကို ဝင်သိမ်းဖို့ ဒေလီက အလုပ်သမား၊ ကျောင်းသားနဲ့ လူငယ်တွေ အားလုံးက လယ်သမားတွေနဲ့ ပူးပေါင်းရမယ်။

(၅)တရက်တာ သပိတ်မဟုတ်၊ တောင်းဆိုချက်တွေ ရတဲ့အထိ အကန့်အသတ်မရှိ အထွေထွေ သပိတ်ဆင်နွှဲ ရေး။